ကိုလော့စီယမ်(Colosseum)သို့ ကိုလီစီယမ်(Coliseum) သည် မူလအခေါ်အားဖြင့် ဖလေဗီယမ် အမ်ဖီသီရက်တာ (Flavian Amphitheatre) (Latin: Amphitheatrum Flavium, Italian Anfiteatro Flavio or Colosseo)သည် ဘဲဥပုံသဏ္ဌန်ဆောက်လုပ်ထားသော အမိုးပွင့်ဇာတ်ရုံ(amphitheatre) ဖြစ်ပြီး အီတလီနိုင်ငံ ရောမမြို့၏ အလည်တွင် တည်ရှိသည်။ ရောမအင်ပိုင်ယာခေတ်တွင် တည်ဆောက်ခဲ့သော အဆောက်အဦးများတွင် အကြီးဆုံးဖြစ်သည်။ ထိုအဆောက်အဦးသည် ရောမဗိသုကာပညာနှင့် ရောမအင်ဂျင်နီယာပညာ၏ အခမ်းနားအကြီးကျယ်ဆုံးသော ပြယုဂ်တစ်ခုလည်းဖြစ်သည်။